အဘယ်ကြောင့် "ထားဝယ်" ကို
လူမျိုးတစ်မျိုးဟုခေါ်ဆိုနေရပါနည်း။
၁။တည်နေရာ-
မြန်မာနိုင်ငံတောင်ပိုင်း၊တနင်္သာရီတိုင်းဒေသကြီး(တနသာင်္ရီကမ်းမြှောင်ဒေသ) တွင်တည်ရှိပါသည်။ ထားဝယ်ခရိုင်၏ ပိုင်နက်နယ်နိမိတ်မှာ မြောက်ဘက်တွင် မော်လမြိုင်ခရိုင်၊ အရှေ့ဘက်တွင် ထိုင်းနိုင်ငံ၊တောင်ဘက်တွင် မြိတ်ခရိုင်နှင့် အနောက်ဘက်တွင် ဘင်္ဂလားအော်တို့ရှိကြပါသည်။
တောင်နှင့်မြောက် အကျယ်အ၀န်း မိုင် ၁၅၀ ခန့်ရှိ၍ အရှေ့နှင့် အနောက် အကျယ်ဆုံးနေရာတွင် မိုင် ၅၀ ရှိပါသည်။ ခရိုင်၏အကျယ်အ၀န်းမှာ ၅၃၀၈ စတုရန်းမိုင် ရှိပါသည်။
၂။သမိုင်းကြောင်း-
မြန်မာစွယ်စုံကျမ်း အတွဲ - ၅ ၊ ပထမနှိပ်၊ ၁၉၆၁၊ စာ ၂၀၂တွင်ဖော်ပြချက်များကို မှား ယွင်း နေသဖြင့် ၁၉၇၁ ခုနှစ်ထုတ် မြန်မာစွယ်စုံကျမ်း အတွဲ- ၅၊ တတိယနှိပ်ခြင်း၊ နောက်ဆက်တွဲစာအုပ်၊ စာမျက်နှာ ( ၅၂၅) တွင် ယင်းအမှားကို ပယ်ဖျက်၍ အောက်ပါအတိုင်း ပြင်ဆင်ဖော်ပြခဲ့ပါသည်။
“ထားဝယ်လူမျိုးတို့သည် ရှေးကျသောတိုင်းရင်းသား တစ်မျိုးဖြစ်သည်။ ရှေးပဝေ သဏီကပင် တိုင်းပြည်မြို့ပြထီးနန်းနှင့်တကွ ထားဝယ်စကားပြောသည့် ထားဝယ် လူမျိုးဟုရှိခဲ့ပေသည်။ ထားဝယ်မျိုးရိုးဟုရှိနေသည့်အဖြစ်ကြောင့် ထားဝယ်စကားဟု တစ်ဘာသာ မြန်မာစကားနှင့်လုံးလုံးကွဲ၍ လည်းကောင်း၊ စကားတူအသံဝဲ၍ လည်း ကောင်း၊ ယနေ့တိုင်အောင်ပြောနေကြသည်။
စာမှာ မြန်မာစာကိုရေးကြသော်လည်း စကားပြောရာ၌ ရှေးပေါရာဏများကို များစွာပြောကြသည်။ ခေတ်ပြောင်းခေတ်လွှဲအလိုက် မြန်မာ၊ ရှမ်း၊ ထားဝယ်တို့ အများရောယှက်မှုကားရှိသင့်သမျှရှိ၍ လူများစုမှာ ထားဝယ်ဖြစ်ခြင်းကြောင့် မတိမ်ကောဘဲ ယနေ့အထိ ထားဝယ်စကားပြောသော ထာဝယ်လူမျိုးများ တမူထူးခြားထင်ရှားရှိနေလေသည်” ယင်းအမှားပြင်ဆင်ချက်အရ ထားဝယ် လူမျိုး သည် မြန်မာအနွယ်ဝင် ရခိုင်လူမျိုးပင်ဖြစ်သည် ဟူသော အယူအဆမှ
ထားဝယ်လူမျိုးသည် ရှေးကျသော တိုင်းရင်းသားလူမျိုးတစ်မျိုးဖြစ်သည် ဟူသော အယူအဆသို့ ပြောင်းလဲခဲ့ပါသည်။
၃။လက်ထပ်ထိမ်းမြားခြင်း-
စုလျှားရစ်ပတ်ထိမ်းမြားခြင်း၊ ဘိသိက်သွန်းလောင်း၍ထိမ်းမြားခြင်းတို့ဖြစ် လက်ထပ် ထိမ်းမြားကြသည်။ ထားဝယ်အခေါ်(အီဒပ်)
၎။တင်တောင်းခြင်း-
အရွယ်ရောက်ပြီးသော သားသမီးများကို မိဘများမှတင်တောင်းပေးခြင်းမှာ အမျိုးသားမိဘများမှ အမျိုးသမီးမိဘများထံသို့ဆွေမျိုးအစုံညီဖြစ်သွား၍ လယ်ယာ ၊ ရွှေ၊ ငွေပစ္စည်းများဖြစ် ခေတ်ကာလနှင့်အညီ တန်ဖိုး သတ်မှတ်ကာ တင်တောင်း ပေးကြပါသည်။ ထားဝယ်အခေါ်(ငွေအပ်)
မှတ်ချက်- နှစ်ဦးသဘောတူ ခိုးရာလိုက်ပြေးသော ဓလေ့လည်းရှိပါသည်။
ခိုးရာလိုက်ပြေးသည်ဆိုပါက အမျိုးသားဘက်မှ မိဘဆွေမျိုးများသည် ခိုးရာ လိုက် ပြေး သော ဇနီးမောင်နှံအား အမျိုးသမီးအိပ်သို့ ပြန်လည် တောင်းပန်၍ အပ်နှံ ပေး ရပါ သည်။ ထားဝယ်အခေါ်(မီးမအပ်)
၅။မိသားစုပုံစံ-
ပုံစံအမျိုးမျိုးဖြစ် အကြင်လင်မယားဇနီးမောင်နှံဖြစ်သွားပြီဆိုပါက အမျိုးသမီး မိဘ အိမ်မှာ အနည်းဆုံး ၇ ရက်နေပြီးမှ မိမိနေလိုသောအရပ်သို့ သွားလာနေ ထိုင်ရ ပါသည်။မိသားစုနေထိုင်မှုပုံစံမှာ အများအားဖြစ် ၇ ရက် (သို့) ကာလအနည်းငယ်နေ ထိုင်ပြီးပါက အိမ်ခွဲပြီး အိုးသစ် အိမ်သစ်ထူထောင်ကာ နေထိုင် လေ့ရှိပါသည်။ မှတ်ချက်- အိုးအိမ်အသစ်ခွဲနေကြပြီဆိုပါက ယောက်ျားဘက်မှအစဉ်လာအရ ယုံကြည်လာသော ရိုးရာဓလေ့ကို ကိုးကွယ်ရသည်။
၆။အမည်မှတ်ခေါ်ဓလေ့-
သားသမီးများမွေးဖွားလာပြီဆိုပါက အများအားဖြစ် အမည်ကို လောကနိတိအလာ နေ့သင့်နံသင့်အမည်များကို မိဘဖိုးဖွားများကရွေးပေးကြပြီး အရှေ့မှာထားသော အဖျားဆွတ်ကို ယောက်ျားလေးဆိုပါက နော် မိန်းကလေးဆိုပါ မိ ဟု အဖျားဆွတ်ခေါ်၍ အမည်မှတ်ကြသည်။
ဥပမာ- ထားဝယ်အခေါ် (နော်နီ) မောင်နီဟုခေါ်ပြီး ထားဝယ်အခေါ် (မိစုဘု) မစုပုကိုခေါ်တာမျိုး ကိုအမည်မှတ်ခေါ်ကြပါသည်။
၇။ကွာရှင်းခြင်း-
နှစ်ဦးနှစ်ဘက် သဘောထားမတိုက်ဆိုင်၍ဖြစ်စေ အကြောင်းမျိုးမျိုးကြောင့်ဖြစ်စေ ကွာရှင်းကြမည်ဆိုပါက ပိုင်ဆိုင်သောပစ္စည်းများကို တစ်ယောက်တစ်ဝက်ခွဲဝေကြပြီး သားဦး ယောက်ျားဆိုပါက အမျိုးသမီးဘက်မှခေါ်ယူခွင့်ရှိပြီး သားဦး မိန်းကလေး ဆိုပါက အမျိုးသားဘက်မှခေါ်ယူသွားခွင့်ရှိသည်။ ထားဝယ်အခေါ်(လန်မြားခွဲ)
အမွေဆက်ခံခြင်း
မိဘနှစ်ပါးစလုံးမျက်ကွယ်ပြုပြီးမှ သားသမီးများ ယောက်ျားမိန်းမ မခွဲခြားပဲ မိဘနှစ် ပါးပိုင်ဆိုင်ခဲ့သော ပစ္စည်းများကို တန်းတူ မျှတူခွဲဝေပေးလေ့ရှိသည်။
ထား၀ယ္အေခၚ(မြီးခြဲ)
၈။ရှင်ပြုခြင်း-
ထားဝယ်လူမျိုးများသည် အစဉ်လာအရ ဗုဒ္ဓဘာသာတစ်မျိုးတည်းကိုသာ ကိုးကွယ်ကြသည်အလျှောက် ရှင်ပြုခြင်းမှာ သီးခြားမရှိပဲ ဗုဒ္ဓဘာသာအစဉ်လာအရ ဆရာတော်ကြီးများအစီစဉ်တိုင်းသာပြုလုပ်လေ့ရှိသည်။
ထားဝယ်အခေါ် (မော်ရင်ဒန်)
၎
၉။ရိုးရာစားစရာ-
ထားဝယ်လူမျိုးများ၏ အဓိက ရိုးရာစားစရာဖြစ်သော (မုက္လောန်းဆီ) မုန့်ဟင်းခါးကို ရှင်ပြုနှင့်အလှူပွဲများတွင် ကြွေးမွေးလေ့ရှိသည်။
၎င်း မုန့်ဟင်းခါးပြုလုပ်ပုံမှာ မြှင်ငပိနှင့် ၊ငရုပ်သီး၊ ဆီး၊ဆား၊တို့ကို သမ အောင်နယ် ၍ဆီကျက်ချက်ပြီး အသင့်ပြုလုပ်ထားသော ပင်လယ်ငါးပြုတ်နှင့် ငှက်ပျောအူ ကြက်သွန်တို့ကိုထည့်ရသည်။ရေကိုလိုသလောက်ချိန်ဆထည့်ရပါသည် ဟင်းကို ငှက်ပျောအူနူးအောင်ထိချက်ပြီး ကျက်သောအခါ မုန့်ဘန်းနှင့်နယ်၍စားသောမုန့်ကို
ထားဝယ်အခေါ် (မုက္လောန်းဆီ) ဟုခေါ်သော ရိုးရာမုန့်တစ်မျိုးနှင့် ဧည့်ခံ ကြွေးမွေး လေ့ရှိသည်။
၁၀။စားသောက်မှုပုံစံ-
မိသားစုထမင်းဝိုင်းဖြစ် တစ်နေ့မှာ သုံးနပ်စားတက်သည်။ ထမင်းကိုအဓိကစားပြီး မနက်ပိုင်းမှာတစ်ကြိမ်၊ နေလည်ပိုင်းတစ်ကြိမ်၊ ညတစ်ကြိမ်၊ ထမင်းဝိုင်းမှာ အဓိက စားစရာကတော့ ထားဝယ်အခေါ်(ပိဖျော်) ငပိသုပ်ကိုကဓိက ထားပြီး တုံ့စရာများ ဖြစ်စားကြသည်။
လူမျိုးတစ်မျိုးဟူသည် မတူညီသော ရိုးရာ၊ဓလေ့၊ထုံးတမ်း၊ယဉ်ကျေးမှုများ ကွဲပြားခြားနားမှုရှိနေမှသာလျှင်မတူညီသောလူမျိုးတစ်မျိုးပါဟု ခေါ်ဆိုနိုင်ပါ သည်။
မှတ်ချက်-ကျွန်တ်ာထားဝယ်လူမျိုးကိုသုတေသနလုပ်ဖော်ထုတ်တင်ပြနေရခြင်းသည် ခွဲထွက်ဖို့ ပြည်နယ်ထူထောင်ဖို့ မည်ကဲ့သို့သောအစိုးရကိုမှကပ်ကွက်ဖို့ မဟုတ်ပါ လူမျိုးတစ်မျိုး၏ သမိုင်းစာမျက်အသစ်ကြွင်းကျန်ရစ်အောင်သာ မှတ်တမ်းတင်နေခြင်းဖြစ်ပါသည်။
ဦးအောင်မျိုး
ထားဝယ်ရှေးဟောင်းသုတေသီ
(၁/၂၀၁၄ ရှေး/သု) ပြည်

No comments:
Post a Comment